Friday, December 09, 2011

ခုတလော

လူ့စိတ်ကို နွားသိုးပေါက်စလေးနဲ့ နှိုင်းကြတယ်။ အပြောင်းအလဲမြန်လွန်း၊ အငြိမ်မနေလွန်းလို့ တဲ့။ ခု မကြေးမုံလဲ အဲ့လိုဖြစ်နေတယ်။ တခါတလေကျတော့လဲ အဲ့လိုဖြစ်နေရတာ ကောင်းပါတယ်။ကိုယ့်စိတ်မှာ တနည်းအားဖြင့် လွတ်ရာလွတ်ကြောင်းလဲ ဖြစ်စေတာပေါ့။ အခုလို ကိုယ်ရေးကိုယ်တာခံစားချက်တွေဆိုတာမျိုးက စာထဲ ထည့်ရေးသင့်တာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။ ဒါပေမယ့် ဘလော့ဒိုမိန်းလေးပြောင်းတဲ့ အကြောင်းကလဲ တိုက်ဆိုင်လာတော့ အဲ့ဒါနဲ့ရောပြီး ပြောချင်ရက်လက်တို့ကာ စကားဦး သန်းလိုက်မိတာရယ်။

mirror-4d.net ဆိုတာကို လွန်ခဲ့တဲ့ ၂ နှစ်က ကိုမင်းယွန်းသစ်အကူအညီနဲ့ ၀ယ်သုံးဖြစ်ခဲ့တာ။ အဲ့ဒီ အချိန်တုန်း က မြန်မာပြည်ကြီးက ခုလိုလဲ ဒက်မိုကရေစီတွေဘာတွေ ခြေစမလှမ်းသေးဘူးလေ။ ဆိုတော့ blogspot တွေပိတ်ထားတုန်း အချိန်အခါပေါ့။ ဒါနဲ့ အထဲက ဘလော့ရေးသူအတော်များများလဲ ဒိုမိန်းဝယ်ရတဲ့ အလုပ်တစ်ခုရလာတာပေါ့။ ခုတော့ ဒါတွေမလိုတော့ဘူး။ ဒီမိုကရေစီဆိုတာ မြန်မာတွေနဲ့ သိပ်မဝေးတော့ဘူး။ တောင်ရိုးသား ဟိုအနားလောက်ပဲ ကျန်တော့တာ။ (မှတ်ချက်။ ။မကြေးမုံ လဲ မြန်မာ့အလင်းတို့ ဘာတို့ ဖတ်ထားတယ်လေ) Justify Full
ဒါနဲ့ပဲ .net လေးနဲ့ နေလာလိုက်တာ ၂ နှစ်ပြည့်တော့ ကိုမင်းယွန်းသစ်ကိုလဲ မဆက်သွယ်ဖြစ်၊ ပိုက်ဆံကို ဒီကလွှဲရတာလဲ အခက်အခဲရှိပါတယ်လေဆိုပြီး ဒီအတိုင်းပဲ သူ့ဘာသာသူ expire သွားပါစေပေါ့။ နောက်မှ blogspot.com ကိုပြန်ပြောင်းတော့မယ်ဆိုပြီး ထားလိုက်တာ...။ ၁ ပတ်လောက်နေလို့ ကိုယ့်ဘလော့ကိုယ် ပြန်လာကြည့်တော့ မြတ်စွာဘုရား.. အချင်းချင်းချိန်းတွေကြတဲ့ ဆိုဒ်ကြီး ဖြစ်နေပါရောလား။ စာ မရေးရင်သာရှိမယ်။ ကိုယ့်ဘလော့လေး အဲ့လိုဖြစ်နေတော့လဲ မနေနိုင်ပြန်ဘူး။ ဒါနဲ့ပဲ ဒိုမိန်းလေးတစ်ခုတော့ ပြန်ဝယ်ဦးမှပါပေါ့။ အမှန်တော့ ဒီအတိုင်းထားလိုက်လဲ ရပါတယ်။ သို့ပေမယ့် စာ အစမှာ ပြောခဲ့သလို စိတ်ကိုလွှတ်လို့ ဒိုမိန်းဝယ်ပစ်လိုက်တယ်။ ၁ နှစ်စာကို ၁ ကျပ်နဲ့ ၉၉ ပြားတောင်မှ ကျတယ်။ (discount နဲ့ ရသွားတာလေ.. )

ခုတော့ အရင် www.mirror-4d.blogspot.com ကိုနှိပ်လိုက်ရင် လက်တဲ့စမ်းပြီး ကိုယ့်ဘာသာ ၀ယ်ထားတဲ့ www.makyaymone.info ကိုအလိုလိုရောက်သွားပါလိမ့်မယ်။ ဘယ်လိုကနေ ဘယ်လိုရောက် သွား လဲ၊ပြောင်းသွားလဲတော့ မသိပါဘူး။ ဟိုကလစ်၊ ဒီကလစ်တွေ လျှောက်လုပ်ရင်းက ဒီနေ့လယ် ဖွင့်ကြည့် လိုက် တော့ခုလိုပြောင်းနေတာပါပဲ။အရင်နေ့တွေတုန်းကတော့ ဘယ်လိုမှန်းမသိတဲ့ ဖောင့်တွေနဲ့ မြင်နေရသေးတယ်။ ခုတော့ အိုကေ သွားပါပြီ။ ဖောင့်လဲ မြန်မာလိုမြင်ရ၊ ဒိုမိန်းလဲ ပြောင်းသွားပါပြီ။

ရိုးရိုးသားသားဝန်ခံရရင် "မကြေးမုံ" ဆိုတဲ့နာမည်ကို မနှစ်သက်ပါဘူး။ အထူးသဖြင့် ဆရာမောင်ကြေးမုံ ရှိနေပြီးသားမလို့ ပိုလို့တောင် မ၀ံ့မရဲဖြစ်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ဘယ် စာရေးဖော်၊စာရေးဖက် တစ်ယောက် စခေါ်လိုက်မှန်းမသိခင်မှာပဲ အဲ့ဒီနာမည်က တွင်နေခဲ့ပြီ။ mirror ကိုမြန်မာလို ပြန်ချပစ်လိုက်ဟန် တူပါတယ်။ အဲ့ဒီကနေ ဟိုလူ၊ဒီလူလင့်ခ်ကြတော့လဲ မကြေးမုံပဲ ဖြစ်သွားကာ .. ခုတော့လဲ မထူးတော့ပါဘူးလေ။ ဒီဒိုမိန်းအသစ်ကိုလဲ မကြေးမုံဒေါ့အင်ဖို လုပ်လိုက်ကြပါစို့ပေါ့။

One response to “ခုတလော”

Anonymous said...

အင်းလေ မကြေးမုံဆိုတော့ မကြေးမုံရတာပေါ့