Friday, June 18, 2010

ညနေခင်း

ပြတင်းတံခါးတွေကို
ဖွင့်ပေးလိုက်တယ်။
အလွမ်းတွေ သွားလိုရာ သွားစေဖို့..
(ဆိုကာမှ..)
သူတို့ခမျာ လမ်းစပျောက်နေရှာ...။

mirror

ဒီကဗျာရေးပြီးတော့ ရေးခဲ့ဖူးတဲ့ ဒီကဗျာကို သွားသတိရတယ်။အဲ့ကဗျာရေးတုန်းက ညဘက်။ခု ညနေဘက်ပေါ့။
စိတ်၏စေရာက အတူတူပါပဲ..။

7 Responses to “ညနေခင်း”

shwezinu said...

ညီမရေ

ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေး

နောက်တခါ လမ်းမပျောက်အောင် ဂျီပီအက်စ် ထဲ့ပေးလိုက်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

littlebrook said...

အလွမ်းတွေ လေထဲလွတ်တင်ဖို့ ကြိုးစားနေပြီး အလွမ်းများနှင့် တွဲဆက်နေဆဲသူကို မယ်ရာ ဟုခေါ်သည်

ဝေ့လည်ကြောင်ပတ်နဲ့ စိတ်အခန်းထဲက မထွက်ကြပြန်ဘူး မဟုတ်လား ။

း)
ညနေခင်း မှာ ထိုင်ပြီး မောသွားရပါတယ် မကြေးမုံရေ ...

ညနေခင်းတွေ ...
ညနေခင်းတွေ ...
ကျနော်လည်း စက္ကူ ငှက်လေး ခေါက်နေတယ် ... ။

ပြတင်းတံခါးပဲဖွင့်တာကိုး
စိတ်တံခါးမဖွင့်မိဘူးထင်တယ်

မောင်မျိုး said...

ဧည့်လမ်းညွှန် ခေါ်မလားး

း)

“စိတ်၏ စေရာကတော့ အတူတူပဲ ”ဆိုတာ ကတော့ ကောင်းလွန်းအားကြီးတဲ့ စကားလုံးပဲ မကြေးမုံ.....