Sunday, May 02, 2010

မျက်ရည်အန်ဖတ်

ဘ၀ဆိုတဲ့ မြွေကောင်ဆိုးကမှ
ငိုအောင်စ နေရင်
ငိုတတ်အောင် ငိုဖို့ပဲ ...။

လက်သည်းထိပ်ကို နာနာကိုက်
တအိအိနဲ့ ငိုချလိုက်စမ်း...။
ခက်နေတာက..
ငါ့မျက်ရည်မြစ်ကြောတလျှောက်
ချော်ရည်ပူတွေနဲ့ ပိတ်ဆို့နေတာ..။

ငါ...
ဒီနေ့ည ပျော်ရွှင်တယ်
ငါ..
မနက်ဖန်မနက် မိုးမလင်းခင်မှာ... ငိုကြွေးမယ်
ငါ့ကို ..
လာမတားနဲ့ ....။

ရိုးသားမှုကို ရွက်ကုန်လွှင့်ပြီး...
ငါ ဘာကိုမှ မမျှော်လင့်ခဲ့ဘူးဆိုတာ
ငါ့ကိုယ်ငါ ရင်းလို့....
ငါ ယုံကြည်၏။

ငါ့ကဗျာတွေထဲမလဲ
ငါ့ရှိရှိသမျှ
ငါ့ပိုင်ဆိုင်သမျှ...
ငါ့ အကြောင်းအရာတွေ အကုန်မပါနိုင်ခဲ့...

အဲ့ဒီလိုနဲ့..
လူတွေကြား ဖြတ်လျှောက်ဖွင့်မပေးဘဲ
ဝှက်ထားမိတဲ့
ငါ့မျက်ရည်အန်ဖတ်တွေ...။....။

Mirror

13 Responses to “မျက်ရည်အန်ဖတ်”

ဘယ်လောက်ထိ မိုင်ကုန်အောင် ငိုနိုင်မလဲ...။
ငိုသံတွေတလှည့် ရယ်သံတွေတလှည့်...။
ဘဝဟာ
ငိုလိုက် မောလိုက် ခဏနားလိုက်
ရယ်လိုက် မောလိုက် ခဏနားလိုက်
လည်နေတဲ့ သံသရာ ဘီးလုံးကြီးထဲ ။

မျက်ရည် အန်ဖတ်တွေ ပြီးတဲ့နောက်ကွယ်မှာ တော့ ရေခဲမြစ်ပေါ်လောင်းလှေလှော် ပြီး ရိုးသားစွာအသက်ရှူ ရသလိုပါပဲ။

အားလုံးတန်ဖိုးရှိတယ် မကြေးမုံရေ... မျက်ရည်အန်ဖတ်တွေကို အန်ထုတ်ပြီးတိုင်း လောင်းလှေရောက်လာတယ်နော်....

ကိုယ့်မျက်ရည်ကိုယ်သောက်ရင်း
မနက်ဖန်တွေကိုဖြတ်ကျော်နိုင်ပါစေ
ရေစီးတခါရေသာတလှည့်ပေါ့

ဘ၀ဆိုတဲ့ မြွေကောင်ဆိုးကမှ
ငိုအောင်စ နေရင်
ငိုတတ်အောင် ငိုဖို့ပဲ ...။

ငိုသံတွေအဆုံးမှာ တခုခုတော့ ရှိမှာပါ ...

အမယ်မင်းရယ်မှ ပြောရတော့မယ် (ဟို မင်းသမီးကြီးတွေ ငိုကာနီးကျ ဆိုသလို ငိုချင်းနဲ့ ဖတ်နော်း) ) ။

ငိုသာငို မတားနဲ့ တားတဲ့သူ ပြိတ္တာပေါ့ မျက်ရည်ဆိုတာ ခံစားချက်တွေကို လွှတ်ပေးတဲ့ ထွက်ပေါက်ပေးတဲ့ အရာတစ်ခုပဲ ငါလည်းတစ်ခါခါ ငိုတယ် ပျော့တယ်လို့မပြောနဲ့ အဲ့တာ လောကကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတယ်လို့ ခေါ်တယ် ။

သယ်ရင်း အဲ့ရိုးသားမှု ဆိုတာကြီးကို ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ လိုက်ရှင်းပြမနေနဲ့ ကိုယ့်စိတ်မှ ဖြူနေရင်ပြီးတာပဲ ကျနော်ကတကယ်ရိုးတာပါဗျာလို့ သွားပြောကြည့် ( သောက်၇ူး ) လို့ပြောခံရမှာ ကျိန်းသေ ။

ဟုတ်တယ် ဟုတ်တယ် ဘလော့က ကိုယ့်ရဲ့ထွက်ပေါက်ဆိုပေမယ့်လည်း ဖေါ်သင့်တာဖေါ် ဖုန်းသင့်တာဖုန်းပေါ့နော့် အကုန်လှစ်ပြလိုက်မှဖြင့် ကိုယ်ကျိုးတော့နည်းရကြီရဲ့ ဆိုသလိုဖြစ်နေအူံးမယ် ။

ကြာပါတယ်ကွာ လူတွေကြားထဲ ၀ှက်ထားတဲ့ မျက်ရည်အန်ဖတ်တွေ သင်္ကြန်ရေလိုပက်ထည့်လိုက် ရဲဖမ်းတော့လည်း လိုက်သွားပေါ့ကွ ဘာဖြစ်တာမှတ်လို့ ဟဲဟဲ
သယ်ရင်း ပျော်ပျော်နေ ချီးယား အီးယား :P

littlebrook said...

အော်ထုတ်လိုက်တာ အကြီးကြီးပါလား
ပဲ့တင်အထပ်မခံနဲ့ .. တစ်ရှူးတော့မပါလာဘူး
ရော့ ကဗျာနဲ့ သုတ်လိုက်
နေသာဖို့ကအရေးကြီးတယ်

ငိုချင်ရင် ငိုချလိုက်ပါအမရေ။ ငိုကြွေးတာဟာ အရှုံးပေးတာ မဟုတ်ဘူးလို့ ညီမတော့ ယုံတယ်။ တခါငိုပြီးသွားရင် ခံစားရတာတွေကိုအန်ထုတ်ပြီးပြီမို့ အားသစ်တွေပြန်ရလာတတ်တယ်။

ဖိနပ်တွေချွတ် ...
လက်နှစ်ဖက်ကို ဆန့် တန်းပြီး
ဟိုး ... အရှေ့ ဆီကို လျှောက်
မျက်ရည်တွေ ခြောက်တဲ့အထိ

ပျော်ရွှင်ပါစေ မကြေးမုံ
လေးစားအားပေးလျက်။
ချစ်ခြင်းအားဖြင့်-နေ့ သစ်

purplemay said...

ဝှက်မထားပါနဲ့ ညီမလေးရယ် ...ငိုချင်ရင်ငိုသာချလိုက်ပါ ။ ပျော်စရာရှိတော့လည်း ပျော်ကြတာပေါ့ ။ ဘ၀က တိုတိုလေးရယ်ပါ ။

ကဗျာကို ကဗျာနဲ့ပဲ မန့်ခဲ့မယ်နော်။

"လောကဓံထက်ပိုပြီး ခက်တရော်တဲ့ ချောက်ကမ်းပါးအို
လှိုင်းဘောင်ဘင် အထပ်ထပ်ပေါ်
အသက်အသစ်မွေးဖွားမှုနဲ့
ထိတ်လန့်ဖွယ်ကွေ့ကောက်ခဲ့ရသူရဲ့
တရံရောများ
ပျော်ရွှင်မှုကိုလိုချင်ရင်
ဒုက္ခနဲ့တွေ့လိုက်
အဲဒီ .. မရိုးတဲ့တေးနဲ့
တသွင်သွင်
ဇောအဟန်ပုံကြမ်းများ
မြစ်ကိုငေးကြည့်ရင်း
မြစ်ဖြစ်ခဲ့သူ။"

မောင်ဆေးရိုး ၏ မြစ် ကဗျာမှ -

ငို . . . . ဆင့်ကာပူမှာ ဆင့်ကာ ပူနေပီလား ???

ရိုးသားမှုဆိုတာ တခါတလေတော့လည်း ရွက်ကလေးချပြီး မျှောနေသင့်တဲ့အခါ ရှိတယ်ထင်တယ် အမရဲ့..
ရွက်ကုန်လွှင့်ပေမယ့် လေက ကောင်းကောင်းမတိုက်တဲ့အခါ ပြဿနာလေ..

Anonymous said...

အော် လှေသမားမဟုတ်လို့ မသိတာ အပြစ်မဆိုတော့ဘူး
လေမလာဘဲ ရွက်တိုက်တဲ့ ဘယ်လှေသမားမှ မရှိဘူး
:P