Sunday, August 09, 2009

သူနဲ့ကျနော် အဖြေမပေါ်လေသော ပုစ္ဆာ

သူက ကျနော့်ကို....
ဘာသာရပ်တစ်ခုခုမှာ ထူးချွန်စေ့ချင်တယ်။

သူက ကျနော့်ကို....
လူဆိုတာ တစ်နေရာရာမှာ သေသပ်ကျနစွာ
ပြောင်မြောက်ရမယ်လို့
ရှုံ့ချပြောတတ်သေးတယ်။

သူက ကျနော့်ကို....
သံချေးတက်နေတဲ့ဓား မဖြစ်စေချင်ဘူး။
သူကိုယ့်သူ ဓားသွေးကျောက်အဖြစ်ခံပြီး
ကျနော့်ကို ထက်မြတဲ့ဓားတစ်လက်ဖြစ်စေချင်တယ်။
အဲ့ဒိဓားနဲ့..
ကျနော့်ခရီးကို ကျနော့်ဘာသာထွင်ခိုင်းတယ်။

သူက ကျနော့်ကို........
ငတ်ပြတ်နေတဲ့ အမှိုက်ပုံနားက ကလေးတွေကအစ၊
မိုးထဲ၊လေထဲ ကားနံဘေးမှာခိုက်ခိုက်တုန်နေရင်း
ပန်းရောင်းနေတဲ့ကလေးတွေအလယ်
ပေတရာလမ်းမပေါ်မှာ တလကြမ်းမောင်းသွားတဲ့
မှန်အလုံပိတ်ကားထွေထဲက လူတွေအဆုံး...
နှလုံးသားထဲထိ ပစ်ပစ်ထည့်ပြီး
ရင်ဘတ်နဲ့ ဆန့်သလောက်ခံစားနေတဲ့
ထိလွယ်၊ရှလွယ်၊ကျိုးလွယ်ကြေလွယ်တဲ့လူတစ်ယောက် မဖြစ်စေချင်ဘူး။

သူက ကျနော့်ကို....
မြန်မာပြည်ရဲ့အပြင်ဘက်ကို ထွက်ရပ်စေ့ချင်တယ်။
ခင်ဗျားနဲ့သင့်တင့်လျောက်ပတ်တဲ့ လူ့ပတ်ဝန်းကျင်တစ်ခုမှာ
မရှင်သန်ချင်ဘူးလားလို့
မေးလား မေးတတ်သေးတယ်..။

သူနဲ့ကျနော်
အဖြေမပေါ်လေတဲ့ သို့ကလိုပုစ္ဆာတွေကြောင့်
မိုးချုပ်ညနေ၊
မွေးမေမေတွေ မျက်ရည်တွေတဲ့အထိ
အဖြေဖွေလို့ မစွမ်းခဲ့လေဘူး။

ဒီလိုနဲ့.....
ကျနော်တို့နှစ်ဦးသား
လှလှပပလေး၊ပြီးတော့ သေသေသပ်သပ်လေး
ရင်းနှီးရိုးသားခဲ့ကြတယ်။
နှလုံးသွေးချင်းဖောက်ဖို့မလို
သွေးသောက်ရဲဘော်တွေ ဖြစ်ခဲ့ကြတယ်။


Mirror
(ချစ်သော သူငယ်ချင်းသို့)

15 Responses to “သူနဲ့ကျနော် အဖြေမပေါ်လေသော ပုစ္ဆာ”

Kay said...

အင်း..ကဗျာလေးက..လှလှပပ ရင်ခုန်ချင်စရာလေးပဲ။
ကြိုးနဲ့သီဖို့မလိုတဲ့..ပန်းလေးတွေပေါ့။

ကံကောင်းကြပါစေ..

yangonthar said...

ဦးဦး ဖျားဖျား ကဗျာလေးကို ခံစားခွင့်ရတဲ့  အတွက် ကွန်းမန့် ရေးရတာ အားရှိတယ်ဗျို့  “ထိလွယ်ရှလွယ် ကျိုးလွယ်ကြေ လွယ်တဲ့ လူ တစ်ယောက် မဖြစ်စေချင်ဘူး” ချစ်သူမဟုတ် တဲ့ သူငယ်ချင်း ကောင်မလေးကို ဆယ်နှစ် လောက် ဒီလိုပဲ အားပေးဖူးတယ် ဒီလိုစကား လုံး လှလှတွေသာ ရှိခဲ့ရင် ကျနော့် အားပေး စကား တွေ ပိုလေးနက်ခဲ့မှာပဲ “သွေးသောက်ရဲ ဘော်တွေ ဖြစ်ခဲ့တယ်” ဆိုတဲ့ စကားက သူပြော တာနဲ့ သွားတူ တယ်ဗျာ ...... mirror သူ ညီမ ကို သတိရနေမှာပါ .........

ညီမမေရာ ကဗျာတွေက အရမ်းလက်သံပြောင်နေတယ် သတိထားမိတာ နှစ်ပုဒ်ရှိပြီ..ပထမ “ဆူလွယ်နတ်လွယ် သားကောင်” အခု ဒီအပုဒ်...။

“(၁)သူငယ်ချင်းမိတ်ဆွေ
(၂)မတူညီတဲ့အမြင်
(၃)ကိုယ်က ပြုပြင်လို့မရတဲ့ ခေတ်...
(၄)နှလုံးသားခံစားမှုတွေ လွန်ဆွဲ...”
ဒီကဗျာမှာ တွေ့လိုက်တဲ့ အဓိက ကျောရိုးတွေ....
နေ့စဉ်ဘဝထဲ အဆင်မပြေဖြစ်လေတိုင်း ထွက်ပေါက်ပေးတဲ့အနေနဲ့ ကဗျာတွေ အန်ထုတ်တယ်လို့ပဲ နားလည်ခံစားသွားပါတယ် ။
အစစအရာရာ အဆင်ပြေပါစေ...။

မွန် said...

အိုး.. ဓားသွေးကျောက်လို သွေးသောက်ရဲဘော် သူငယ်ချင်းရထားတာ ကြေးမုံသိပ်ကံကောင်းတာပဲ
ပြီးတော့ အရာရာကို ရင်ဘတ်ထဲထည့်ပြီးခံစားတတ်တဲ့သူရဲ့ ရင်ဘတ်ထဲက သူငယ်ချင်းကဗျာလေးကြောင့် ကြေးမုံသူငယ်ချင်းလဲကံကောင်းတာပါပဲကွယ်

MANORHARY said...

စဉ်းစားစရာကဗျာလေးတစ်ပုဒ်ပါပဲ
အမှန်က အဖြေတွေက သူ့နေရာနဲ့သေသေသပ်သပ်
ရှိပြီးသားပါ...မတွေ့သေးတာတစ်ခုပါပဲ
ဒါပေမယ့် တချို့ပုစ္ဆာတွေက မဆုံးတဲ့အဖြေနဲ့မှ
ပိုလှတတ်ကြတယ်။

အမရာ said...

ဝါးးးးးးးးးးးအရမ်းကောင်းတယ်...
ဒီလိုနဲ့.....
ကျနော်တို့နှစ်ဦးသား
လှလှပပလေး၊ပြီးတော့ သေသေသပ်သပ်လေး
ရင်းနှီးရိုးသားခဲ့ကြတယ်။
နှလုံးသွေးချင်းဖောက်ဖို့မလို
သွေးသောက်ရဲဘော်တွေ ဖြစ်ခဲ့ကြတယ်။
ကြေးမုံလေးရဲ့သူငယ်ချင်းလေးဖတ်မိပါစေ....

အဖြေမပေါ်လေသော ပုစ္ဆာ ဆိုတော့ အဖြေမပေါ်တော့ဘူးလို့ ဆိုလိုတာလား။ ပေါ်နိုင်သေးရင်တော့ ကောင်းမယ်နော်။

သူနဲ့ကျနော်
အဖြေမပေါ်လေတဲ့ သို့ကလိုပုစ္ဆာတွေကြောင့်
မိုးချုပ်ညနေ၊
မွေးမေမေတွေ မျက်ရည်တွေတဲ့အထိ
အဖြေဖွေလို့ မစွမ်းခဲ့လေဘူး။
ကဗျာလေးကရိုးသားစွာလှပနေပါတယ်ညီမလေး
အပေါ်ကအပိုဒ်လေးကိုတော့ အကြိုက်ဆုံးပါပဲ

အမ ဒီကဗျာကြိုက်တယ်။ နှလုံးသွေးချင်းဖောက်ဖို့မလို သွေးသောက်ရဲဘော်တွေဖြစ်ခဲ့ကြတယ်ဆိုတာလည်း ကြိုက်တယ်။

littlebrook said...

ငါကတော့ ရဲဘော်ဆိုတဲ့ စကားလုံးကို အကြိုက်ဆုံး...း)

ကဲ မပြောဘူးလား

ဓားသွေးကျောက်လို သူငယ်ချင်း အဲ ရဲဘော်ရှိနေမှတော့
ကျန်တာအကုန်ဖြစ်နိုင်ပြီ။

ရင်ချင်းနီးတဲ့ တသွေးထဲတသားထဲကျတဲ့ သူငယ်ချင်းနှစ်ယောက်ကို မြင်ယောင်လာတဲ့အထိ ရသမြောက်ပါတယ် ညီမလေးရေ... ဒီလို သူငယ်ချင်းဆိုတာလည်း လူတိုင်း မရနိုင်တဲ့ ဘဝရဲ့အဖိုးအတန် အစိတ်အပိုင်းတွေပါ...

ကဗျာကောင်းလေးပါ လာခံစားသွားတယ်


လေးစားလျက်
တောင်ပေါ်သား

နှလုံးသွေးချင်းဖောက်ဖို့မလို
သွေးသောက်ရဲဘော်တွေ ဖြစ်ခဲ့ကြတယ်။

................

ကဗျာလေးက တကယ်ကောင်းတယ်ဗျို့ ...