Wednesday, December 10, 2008

ဇာတိမြေမှ လူနှစ်ယောက်

ဘလောဂ့်ကို ကိုယ်ပြင်ချင်တာတွေ စိတ်ထင်တိုင်းလျှောက်ပြင်ပြီးတော့ စိတ်တိုင်းလဲသိပ်မကျတာနဲ့ ပိုစ့်တစ်ခုလောက်တော့ တင်ဦးမယ်လို့စိတ်ကူးရပါတယ်။
ကော်နက်ရှင်ကလဲ မဆိုသလောက်လေးကောင်းနေတာဆိုတော့ စိတ်ကလေးလဲ ကြည်နေတာနဲ့ အချစ်အကြောင်းရေးထားတဲ့ ကဗျာလေးတစ်ပုဒ်တင်မယ်လို့ စိတ်ကူးရတယ်..။

ဒါပေမယ့် အနှောက်အယှက်က ၀င်တာပါတယ်။ပြဿနာဆိုတာ တောင်ကြီးသွားတုန်းက ကားပေါ်မှာကြည့်ခဲ့တဲ့ ဗွီဒီယိုကားထဲမှာ ရန်အောင်ပြောသလိုဖြစ်နေလားမသိပါဘူး၊ပြဿနာဆိုတာ မီးပွိုင့်ကလွှတ်တဲ့ကားလိုပဲ ဘယ်တော့မှ တစ်ခုထဲမလာဘူး၊အပြုံလိုက်လာတယ်တဲ့။ခုလဲပြဿနာတော့မဟုတ်ပေမယ့် အဲ့လိုမျိုးဖြစ်တယ်ထင်ပါ့။ကျမက ပိုစ့်တင်းဆိုတာကို ကလစ်ရုံပဲရှိသေးတယ်။ကျမဘေးနားကွန်ပြူတာကိုသုံးနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့စကားသံကနားမခံသာလောက်အောင်ထိကို ဆူညံပြီးတော့ကို ၀င်လာတော့တာပါ။

အသံကျယ်တာကိုပြောတာ မဟုတ်ဘူးနော်။ကျမကိုယ်တိုင် နားလေးပြီး စကားကိုဆို အာကျယ် အာကျယ်နဲ့စကားပြောတတ်လို့လား မသိဘူး။အသံကျယ်တာကိုဘယ်တုန်းကမှ နားမညည်းခဲ့ပါဘူး။ဒါပေသိ သူ့အသံကတော့ အတော်လေးကို စိတ်ကသိကအောက်ဖြစ်ရတာပါ။

အပြင်ရောက်နေတဲ့ သူ့ရည်းစားကောင်လေးနဲ့ ချစ်သူတို့ဘာသာဘာဝ ချစ်တင်းနှောတဲံ့ စကားပြောနေကြတာထင်ပါတယ်။အဲ့ဒိတော့ စဉ်းစားသာကြည့်ကြပါတော့။တိုးတိုးတိတ်တိတ် ရင်ခုန်ပြီးပြောရမယ့်စကားကို မယ်မင်းကြီးမကတော့ ပေ 60၊ပေ 100လောက်ရှိတဲ့ အခန်းတစ်ခန်းလုံးရှိသမျှလူတွေအကုန်လုံးကြားတဲ့အထိကို အော်ပြောနေတော့တာ။

သူရှက်မရှက်တော့ မသိပါဘူး၊ဘေးနားက ကျမကမျက်နှာတွေပူလာလိုက်တာ။မြန်မာအမျိုးသမီးတွေ၊မြန်မာ့ယဉ်ကျေးမှုတွေ ခဏထားလိုက်ပါဦး၊ကိုယ့်ဖြစ်ကြောင်းကုန်စင်ကို ကိုယ့်ပါးစပ်ကနေ အရသာရှိရှိနဲ့ ပြန်ပြောနေတာကို ကျမပါးစပ်ဟောင်းသားနဲ့အမှတ်တမဲ့ ငေးကြည့်မိတဲ့အထိတောင်ဖြစ်ရပါတယ်။
ထူးဆန်းရုံတင်မဟုတ်ပါဘူး။မြန်မာပြည်က လူငယ်တွေရဲ့ တော်တော်များများရာခိုင်နှုန်းဟာ အင်တာနက်ကို ဘယ်လိုသဘောထားနေလဲ ဆိုတာတွေအထိပါတွေးမိပြီးတော်တော်လေးလဲ စိတ်မကောင်းဖြစ်မိပါတယ်။

ခါတိုင်းလဲ ခုလိုပဲ အင်တာနက်ဆိုင်တွေမှာ ကိုယ့်ဘေးနားကလူတွေစကားပြောနေကြတာတွေ ကျမကြုံဖူးပါတယ်။နေ့တိုင်းနီးပါး ကြုံနေရတာဆိုတော့လဲ ဒါကိုအဆန်းလုပ်မနေနိုင်တော့ပါဘူး။နေတတ်အောင်သာ နေရတော့တာပါပဲ။
ဒီခေတ်ဒီအခါကြီးက ဒီလိုတွေဖြစ်လာနေမှတော့ ကိုယ်ကလိုက်ပီးမစီးမျောနိုင်ရင် ကိုယ်ကဘေးရောက်တတ်သလိုဖြစ်နေတယ်လေ။

ဒိထက်ပိုပြီး စိတ်ဆင်းရဲစရာကောင်းတာတစ်ခုက ၊စိတ်ဆင်းရဲစရာဆိုတာထက် ဒီခံစားမှုအပြီးမှာတော့ ကျမအာရုံထဲဝင်လာတဲ့ အတွေးတစ်စပါလေ။ဘာလဲဆိုတော့ ငါဟာင့ါမြို့ကို လေးနက်စွာ သံယောဇဉ်ကြီးနေမိပါလားဆိုတဲ့အတွေးပါ။

သံယောဇဉ်တွေမထားချင်လွန်းလို့ ဖြစ်နိုင်ရင် တစ်ယောက်ထဲမဟုတ်ဘူး၊တစ်ခြမ်းထဲပဲနေချင်တယ်လို့အထိကြွေးကြော်ထားခဲ့ဖူးတာလဲ ကျမပါပဲ။ရန်ကုန်မှာပဲ ဘယ်လောက်စိတ်ညစ်ညစ်ပေကပ်သပ်နေတတ်ပြီး အိမ်ကဖုန်းဆက်ပြီး ခေါ်လွန်းမကခေါ်မှ တစ်ခေါက်ကိုတောင်အနိုင်နိုင်ပြန်တတ်တဲ့ ကျမစိတ်ထဲမှာ ဘယ်အချိန်ထဲကအဲ့ဒိသံယောဇဉ်ကြီး ရောက်နေခဲ့သလဲ ကျမမခန့်မှန်းတတ်ပါဘူး။ဒီခံစားမှုကိုအရင်တစ်ခါတုန်းကလဲ ခံစာဖူးပြီးပါပြီ။

အဲ့ဒိတုန်းက မြန်မာနိုင်ငံရဲ့ နာမည်ကြီး Company တစ်ခုရဲ့ ပိုင်ရှင်တစ်ဦးက လုပ်ချင်ရာလုပ်နေတာတွေ၊နောက်ပြီးသူ့ဇာတိက ဘယ်က၊ဘယ်လို...စတာတွေကြားရတော့အံမယ်လေးလေးလေး ရင်နာလို့မဆုံးပါဘူး။
ကိုယ့်ကိုယ်ကိုဘယ်လိုဖြေရမယ်မှန်းလဲမသိပါဘူး။ငါ့မြို့ကလူကလေ.....ဒီလိုကြီးပါလား ဆိုတဲ့အတွေးနဲ့တင် တစ်ယောက်ထဲ ကြိတ်ရှက်နေရခဲ့ဖူးသေးတယ်။

ခုဒုတိယတစ်ခါဆိုတော့ ပိုသေချာသွားပါတယ်။အဲ့ဒိမိန်းကလေးကလဲ ကျမဇာတိမြို့ကပါ။သူ့ကိုလှည့်မကြည့်ပဲနေရင်းက သူ့ရှေ့ကမှန်ထဲမှာ(ကျမကိုလဲသူအဲ့လိုမြင်နိုင်တယ်)ကျမသူ့ကိုတွေ့လိုက်ရတယ်။ဘုရား၊ဘုရား.ကျမလေစောစောကဖြစ်နေတဲ့
အရှက်ထက်ပိုခံစားရပါတယ်။ကိုယ်ကလဲ တမ်းပလိတ်ကိုကလိချင်တိုင်း ကလိထားတာဆိုတော့ လတ်စကလဲသတ်မရသေးတော့ သူ့အသံကိုတော်တော်လေးသည်းခံပြီးတော့ကို နားဒုက္ခကိုခံစားလိုက်ရပါတယ်။ဒါနဲ့ အဲ့ဒိကောင်မလေးပြီးခါနီးတော့ ကျမကြိတ်ပြီးဆုတောင်နေမိသေးတယ်။ဘုရားသိကြားမလို့ ငါ့ လာနှုတ်မဆက်ပါစေနဲ့လို့လေ။

သူတကာတွေလို ငါတို့မြို့က ဘယ်သူက၊ဘယ်သို့ဘယ်ပုံ ပြောစရာလူရယ်လို့ ကျမတို့မြို့မှာ မရှိပါဘူး။

နှိုင်းယှဉ်စရာမဟုတ်သော်ငြား..........
နတ်မောက်မှာအလုပ်သွားလုပ်တုန်းကဆို အဲ့ဒိကသူငယ်ချင်းတွေက သူတို့ကိုသူတို့ ဗိုလ်ချုပ်မြို့ က၊ဗိုလ်ချုပ်မြို့ ကနဲ့ သိပ်ပြီးဂုဏ်ယူပြီးပြောကြတာတွေ၊နောက်ပြီး ပြည်က အစ်ကိုတော်များရဲ့ ခင်ဝမ်းနဲ့ပတ်သက်တဲ့ ယုံကြည်ကြည်နူးရဲရင့်မှုတွေ...
ဆရာကြီး ဘိုကလေးဦးတင့်အောင်၊ဆရာ ဒဂုံတာရာ၊ဒေါက်တာသန်းထွန်း စသဖြင့်ဂုဏ်ယူရတဲ့ ဧရာဝတီတိုင်းကဆရာကြီးတွေ....။
ကျမလဲ အဲ့လိုလေးတွေ ခံစားချင်လိုက်တာ.............။

8 Responses to “ဇာတိမြေမှ လူနှစ်ယောက်”

ကြေးမုံလေးေ၇
မြန်မာပြည်က ကလေးတွေတော်တော်များက အင်တာနက်ဆိုင်တွေကို သူတို့အိမ်လိုသဘောထားပြီးနေကြသလို၊ ဘေးကလူတွေကိုလည်း သိပ်ဂရုစိုက်တာမဟုတ်ဘူး၊ အွန်လိုင်းအရှုတ်တော်ပုံတွေကလည်း များမှများဘဲ၊ ညီမခံစားချက်ကို နားလည်ပေးလို့ရတယ်၊

This comment has been removed by the author.

အော် အင်တာနက် ကော်နက်ရှင် မကောင်းလို့
အကျယ်ကြီးအော်တာ ဖြစ်ပါလိမ့်မယ် ညီမရယ်။

ညီမလေးရေ.လူကောင်းလူဆိုး..ဂုဏ်ယူအတုယူလောက်
စရာ.ရှက်ရွံ့ဖွယ်ရာတွေအားလုံးကတော့နေရာတိုင်းမှာ
ဒွန်တွဲပြီးနေတတ်တာဘဲမဟုတ်လား..
ညီမလေးရဲ့မြို့မှာလည်းဂုဏ်ယူစရာစံထားရလောက်တဲ့
လူတွေရှိမှာပါ..
ညီမလေးအခုလိုတွေးခေါ်နိုင်တာကိုကဘဲကိုယ့်မြို့အတွက်ဂုဏ်ယူနိုင်စရာတစ်ခုမဟုတ်ဘူးလားကွယ်...

ခင်မင်လျက်...

ငါ့ အမ တစ်ယောက် တော်တော် ရှက်နေပုံရတယ်

သူ့ရိက္ခာ နဲ့ သူ သွားမယ် ပြောရအောင်လဲ သူ့ရိက္ခာ က အမ ဆီ ယူလာမယ့် ပုံ ပေါက်နေတယ်
ဟီ ဟိ

mirror said...

ဟုတ်ကဲ့ ကျမဆီလာလည်တဲ့သူတွေလည်း
ကျောင်းလဲတက်ရသေး၊ဆရာမက ကျောင်းပြေားတဲ့သူတွေကို ဆူဆဲနေတာကိုလဲ ကြိတ်မှိတ်ပြီး နားထောင်ရသေးဆိုသလိုဖြစ်နေပီ ထင်ပါ့နော်...ခွင့်လွှတ်ကြပါ.ဒီမှာလဲစိတ်ကမထားတတ်ဘူးဖြစ်နေလို့ပါ
အားလုံးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်

- said...

အစ်မရေ
နက်ထဲ ချက်ထဲ ဈာန်ဝင်နေရင် ထမင်းမေ့ ဟင်းမေ့ အပြင် ပတ်ဝန်းကျင်ကိုပါ မေ့နေ တတ်ပါတယ်။
လေးစားလျက်

http://winzaw-mdy.blogspot.com

ညီမရေ... ဖတ်သွားပါတယ်။ လူအမျိုးမျိုးစိတ် အထွေထွေမဟုတ်လား အကိုဆောင်းယွန်းပြောသလိုပေါ့။ ညီမလို ဘလော့ဂါကောင်းတဦးရှိ နေတာလည်း ညီမတို့မြို့လေး အတွက် ဂုဏ်တက်စရာပေါ့။
(အော် ဒါနဲ့ စကားမစပ် အရင်က တင်းပလိတ်လေးကပိုကောင်းလားလို့ ပန်းခက်လေးတွေလေ။)