Wednesday, October 01, 2008

ပုန်းသျှိုးပုန်းရှောင်ဘဝ

ကျမဒီရက်ထဲစာမရေးဖြစ်တာအတော်ကြာပေါ့။မရေးဆို ရေးဖို့လဲစိတ်မရှိဘူး။
ခုနေခါရေးလဲအကောင်းတော့ထွက်လာမယ်မထင်၊အငေါ့တွေ၊မကျေနပ်ချက်တွေနဲ့ပဲ
လုံးထွေးရစ်ပတ်နေမှာကိုယ့်ဘာသာကိုသိတယ်။ဒါပေမယ့်အစ်ကိုတွေ၊အစ်မတွေဆီကိုတော့
မကြာခဏရောက်ဖြစ်တယ်။အထူးသဖြင့်ပထမဆုံးတွေရေးပြီးမှစိတ်ထဲမှာရင်ဘတ်ချင်းတွေနီးလာတယ်လို့
ခံစားရတဲ့...အစ်ကို ကိုအောင်သာငယ်ကိုအောင်ကိုတောကျောင်းဆရာကိုမောင်မျိုး
ဖတ်ရင်းမျောသွားလောက်တဲ့အထိပထမဆုံးတွေကို အရေးကောင်းတဲ့ မK၊ပထမဆုံးတွေကို ပွင့်ပွင့်လင်းလင်းရေးတဲ့ မ_မေတို့တွေဆီကိုတော့နေ့တိုင်းနီးပါးရောက်ဖြစ်ပါတယ်။
လူမသိသူမသိ၊တိတ်တိတ်လေး ပုန်းသျှိုးပုန်းရှောင်ရောက်ဖြစ်နေတယ်..။
မနေ့ကတော့ အစ်ကိုအောင်သာငယ်ဆီမှာ "ပျော်ပျော်ပါးပါးရောဂါ"ကိုသွားအားပေးရင်း စာပြန်ရေးဖို့စိတ်လည်လာတယ်..။ပျော်ပျော်ပါးပါးပဲရေးတာပေါ့လေ။ဒါပေမယ့်အာမတော့မခံရဲဘူး..။
ဘာလို့ဆိုကိုယ်ကလဲထစ်ဆိုဗြစ်ခနဲဒေါသထွက်လွယ်သလိုဖျတ်ခနဲ၊ဖျတ်ခနဲကျကျပျောက်သွားတဲ့
အပျော်တွေကိုလဲ မနည်းပြန်လည်စုဆောင်းရတာမလား။

4 Responses to “ပုန်းသျှိုးပုန်းရှောင်ဘ၀”

ရင်ဘတ်ချင်းတွေနီးလာတယ်လို့
ခံစားရတယ်လား ဟုတ်ပါ့ဗျာ အဲ့တာ ဘလော့မောင်နှမသံယောဇဉ်ပဲဖြစ်မယ် မမြင်မတွေ့ ဖူးပေမယ့်စာတွေနဲ့ ရင်းနှီးနေလို့ လေ ဆုံဆည်းခွင့်ပေးသော blogspot ကြီးကိုကျေးဇူးး မပုန်းပါနဲ့  ဘာဖြစ်လဲး)

mirror said...

ဟုတ်ပါ့ကိုမောင်မျိုးရေ..
ကျေးဇူးတင်ပါတယ် blogspot ကြီးရယ်..
ခုတော့မပုန်းတော့ပါဘူးအစ်ကို..
ကိုယ်ယောင်ထွက်ပြနေပီ

ညီမရေ ပေါ့ပေါ့ပါးပါး ပေါ့ကွယ်
လက်သံလည်း မပြောင်ချင်ပါနဲ့း)

ညီအကိုမောင်နှစ်မတွေ အများကြီးရှိနေပါသေးတယ်

mirror said...

ဟုတ်ကဲ့ အားပေးသွားတဲ့ အစ်ကိုမောင်မျိုး၊ကိုအောင်သာငယ်၊မK
ကျေးဇူးပါ...:)